¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
၁၅။ အာဟာရပစ္စယ ( ထောက်ပံ့ခိုင်စေခြင်း အကြောင်းတရား)
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
" အစာအဟာရနှင့် နာမ်အကြောင်းတရား " တို့သည် ဤ ခန္ဓာကိုယ်ကြီး နှင့်
ယှဉ်ဘက်နာမ်/ရုပ်တို့အား ထောက်ပံ့ခိုင်စေကြကုန်၏။
》》》》》မြန်မာပြန် 《《《《《
အာဟာရပစ္စယောတိ - အာဟာရပစ္စည်း ဟူသည်ကား
ကဗဠီကာရော အာဟာရော = အလုပ်အကျွေး ပြု၍ စားမျိုအပ်သော အာဟာရတို့သည်၊
ဣမဿ ကာယဿ = ဤခန္ဓာကိုယ်အား ၊
အာဟာရပစ္စယေန ပစ္စယော =" ထောက်ပံ့ခိုင်စေခြင်း" သတ္တိဖြင့် ကျေးဇူးပြု၏။
အရူပိနော အာဟာရာ = ရုပ်မဟုတ်သော (ဖဿ၊ စေတနာ၊ ၀ိညာဏ်) အာဟာရ တို့သည်
သမ္ပယုတ္တကာနံ ဓမ္မာနံ = ၄င်းနှင့် ယှဉ်ဖက် စိတ် စေတသိက် တရား တို့ကို၎င်း၊
တံသမုဋ္ဌာနာနဉ္စ ရူပါနံ = ထိုစိတ် စေတသိက် တို့က ဖြစ်စေသော စိတ္တဇရုပ် တို့ကို၎င်း
အာဟာရပစ္စယေန ပစ္စယော = " ထောက်ပံ့ခိုင်စေခြင်း" သတ္တိဖြင့် ကျေးဇူးပြု၏။
(အာဟာရ လေးမျိုးရှိပါသည်။ ကဗဠီကာဟာရ၊ ဖဿဟာရ၊ မနောသဉ္စေတနာဟာရ၊ ၀ိညာဏာဟာရ တို့ဖြစ်ပြီး ကဗဠီကာဟာသည် ရုပ်အာဟာရဖြစ်၍ ကျန်သုံးပါးမှာ နာမ်အာဟာရများ ဖြစ်ကြသည်။)

No comments:
Post a Comment