Wednesday, July 5, 2017

ဘာနဲ့အိပ်တာလဲ

.
═════════
ဘာနဲ့အိပ်တာလဲ
═════════
.
.
 ပြိတ္တာ အိပ်နည်း 
.
လိုချင်တာ ရချင်တာတွေကိုတွေး
ရလာမည့်အရာ မရသေးတာတွေကို
တွေးပြီး အိပ်တဲ့သူဟာ လောဘနဲ့ အိပ်တာမို့ ပြိတ္တာအိပ်နည်း။
.
.
 ငရဲသား အိပ်နည်း 
.
စိတ်ဆိုးစရာ မကျေနပ်စရာ
အလိုမကျတာတွေကို တွေးပြီး အိပ်တဲ့သူဟာ ဒေါသနဲ့
အိပ်တာမို့ ငရဲသား အိပ်နည်း။
.
.
 တိရစ္ဆာန် အိပ်နည်း 
.
ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိပြီဆိုတာနဲ့
အိပ်ချလိုက်တာ. စိတ်ထဲက ဘာဂုဏ်တော်မှ သတိမရ
ဘာဝနာလည်းမပွား သတိလည်းမထားပဲ
အိပ်ပျော်တဲ့သူဟာ မောဟနဲ့ အိပ်တာမို့ တိရစ္ဆာန် အိပ်နည်း။
.
.
 ယောဂီ အိပ်နည်း 
.
အိပ်မည်ဆိုကတည်းက သတိလေးနဲ့ ဂုဏ်တော် တစ်ခုခုပွားတယ်၊
မေတ္တာ ပွားတယ် ဘာဝနာ တစ်ခုခုကို သတိရပြီး အိပ်တာမို့ ယောဂီအိပ်နည်း။
.
ကဲ သူတော်ကောင်းတို့လည်း မိမိတို့နေ့စဉ် အိပ်နေကြတာ
ဘယ်အိပ်နည်းမျိုးနဲ့ အိပ်တယ်ဆိုတာ သတိထား အသိပွားကြဖို့ပါပဲ။
အရှင်တေဇိန္ဒ (ဗုဒ္ဓ၏ သားတော်)

No comments: