Tuesday, June 28, 2016

ပဋ္ဌာန်းနိဒ္ဒေသ ပါဋ္ဌိ နှင့်မြန်မာပြန် PDF

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ပဋ္ဌာန်းနိဒ္ဒေသ ပါဋ္ဌိ နှင့်မြန်မာပြန် PDF
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

■ ဖုံးထဲတွင် သိမ်းထား ပူဇော်လိုသူများ

■ Computer/ Tablet  များတွင် ပူဇော်လိုသူများအတွက်

ပဋ္ဌာန်းနိဒ္ဒေသ ပါဋ္ဌိ နှင့်မြန်မာပြန် PDF Download Link: ဖြစ်ပါသည်။

Dropbox Link⤵

https://www.dropbox.com/s/gcizscovnk9m13t/Pa%20Htan%2024%20Complete.pdf?dl=0

pCloud Link⤵

http://pc.cd/GAqctalK

Monday, June 27, 2016

(၂၄) ပစ္စည်း ပဋ္ဌာန်းစေတီတည် နည်း

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
(၂၄) ပစ္စည်း ပဋ္ဌာန်းစေတီတည် နည်း

¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

■ အရမ်းကိုထူးခြားလွန်းလို့ မျှဝေပေးလိုက်ပါတယ်။
ဆုတောင်းစရာမလိုပဲပြည့်ပါတယ်။

■ စေတီတည်နည်းလေးကိုပြောပါမယ်

■ပုံမှာပြထားတဲ့ စေတီပုံစံကိုအရင်ဦးဆုံးကူးယူပြီး A4 Size စာရွတ်အဖြစ် Print ထုတ်လိုက်ပါ။
ပြီးလျှင်ပလပ်စတစ်လောင်းလိုက်ပါ။
ထို့နောက် မှန်အကြည်ကို A4တရွတ်စာ တစ်ချပ်လောက်
ဝယ်ပါ။ ဘယ်လောက်မှမပေးရပါဘူး။
တစ်ချို့မှန်ဆိုင်တွေကအလကားတောင်ပေးပါတယ်။

ပြီးလျှင်အဲ့ဒီစေတီစာရွတ်လေးကို အောက်ကထား အပေါ်မှာ မှန်အကြည်တင်(ဖယောင်းတိုင်ထွန်းလျှင်မြင်ရအောင်)ပါ။
မှန်အကြည်အား အပေါ်ကနေစာရွတ်ကိုထပ်လိုက်တဲ့သဘော ဖြစ်ပါသည်။

၎င်းနောက်မွေးနေ့ဖယောင်းတိုင်သေးသေးလေးတွေဝယ်လိုက်
ပါ။(၂၄)တိုင်ပါတဲ့အထုတ်သေးလေးတွေရှိပါတယ်။

မွေးနေ့ကိတ်ပေါ်မှာထွန်းသောဖယောင်းတိုင်လေးတွေပါ။
ဘာကြောင့်ဒီဖယောင်းတိုင်သုံးရတယ်ဆိုတာပြီးရင်သိပါလိမ့် မည်။ပြီးတာနဲ့ စပြီးထွန်းပါမည်။

■ ဟေတုပစ္စည်း ကနေစပါမည်။
ပဌာန်းကိုအကျယ်ရွတ်ရမှာပါ။
ဥပမာ - ဖယောင်းတိုင်ကိုမှန်ပေါ်ကနေဟေတုနေရာလေးမှာ စထွန်းလိုက်ပြီး -

" ဟေတုပစ္စယောတိ
ဟေတူ ဟေတု သပယုတ္တကာနံ ဓမ္မာနံ
တံ သမုဌာနာနဉ္ဖ ရူပါနံ
ဟေတုပစ္စယေန ပစ္စယော။ " ဟုရွတ်ဆိုရပါမည်။

ဟေတုနေရာမှာသူနဲ့ပတ်သက်တဲ့ပဌာန်းအကျယ်ကို ဖယောင်းတိုင်တစ်တိုင် မကုန်မချင်းရွတ်ဆိုရပါ့မည်။

ဖယောင်းတိုင်ကုန်သွားပြီဆိုပါက နောက်တစ်ကွက်ဖြစ်သော
အာရမ္မဏပစ္စယောအကွက်တွင် ဖယောင်းတိုင်အသစ်တတိုင် ထွန်းရပါမယ်။

အဆိုပါ အာရမ္မဏပစ္စည်းအကျယ်ကိုလည်း ပထမဟေတုပစ္စည်း အကျယ်ကဲ့သို့ သူနဲ့ပတ်သက်သော ပဌာန်းအကျယ်ကို ဖယောင်းတိုင်မကုန်မချင်း ရွတ်ဆိုရပါမယ်။

အထက်ပါအတိုင်း ကျန်ရှိသော ပဋ္ဌာန်းပစ္စည်းအကျယ်များအား အစဉ်လိုက်ရွတ်ဆိုပြီး ဖယောင်းတိုင်ကုန်သည်အထိ ထွန်းပြီး ရွတ်ဆိုသွားရပါမည်။

ထို့နောက် နောက်ဆုံးပဋ္ဌာန်းပစ္စည်းများဖြစ်သော
သဟဇာတ ပစ္စယော၊ အညမည ပစ္စယော များပြီးသွားလျှင် အပေါ်ဆုံးရှိ "ပုဒိအာ" ဆိုတာလေးကို တွေ့ပါလိမ့်မည်။

အဆိုပါ ပုဒိအာအကွက်ရောက်ပါက အနည်းငယ်ကြီးသော ဖယောင်းတိုင်အလတ်စားဖြင့် ပူဇော်ရပါမည်။

ပဋ္ဌာန်အကျယ်း အစ/ အဆုံးတစ်ခေါက်ရွတ်ပေးရပါမည်။
ပြီးလျှင် အားလုံးကို အမျှအတန်းပေးဝေ သာဓု(၃) ကြိမ် ခေါ်ပါ။
ပဋ္ဌာန်းစေတီတည်တာပြီးပါပြီ။

ပူဇော်ချိန် အနည်းဆုံး (၃ နာရီ)ခန့်ကြာပါသည်။
ရေသောက်လို့ရပါတယ်။
စေတီတည်သည်ဆိုသည်မှာ တစ်ဖြေးဖြေးခြင်း ကိုယ်တတ်နိုင်သလောက် တနေ့နည်းနည်းခြင်း တည်ဆောက်လည်းရပါသည်။
ကိုယ်တတ်နိုင်သလောက် လုပ်နိုင်ပါသည်။
တစ်ထိုင်တည်းနဲ့ လုပ်နိုင်ပါကပိုကောင်းပါသည်။

တတ်နိုင်သလောက်ဖော်ပြခြင်းဖြစ်ပါသောကြောင့် အမှားပါရင် ခွင့်လွှတ်ကြပါကုန်။
စာရေးသူအနေဖြင့် မွေးနေ့တိုင်းတွင် စေတီတည်ပါသည်။

ပဋ္ဌာန်းမရွတ်ခင်လုပ်ဆောင်ရမှာတွေကတော့
နတ်ပင့် ၊ မေတ္တာသုတ်ရွတ်ရပါမည်။
ပြီးပါက နတ်ပို့ပါ ၊ (၃၁) ဘုံရှိသတ္တဝါအပေါင်းကိုအမျှဝေပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

○○○○○○○○○○○○○○○○○○○○○○○○○○○○○○○○

" ပဋ္ဌာန်းမပူဇော်မှီ နှင့် ပူဇော်ပြီးရွတ်ဆိုရမည့်(နတ်ပင့်/နတ်ပို့) "

¤¤¤¤¤
နတ်ပင့်
¤¤¤¤¤
သမန္တာ စက္က၀ါဠေသု ၊ အတြာဂစ္ဆန္တု ဒေ၀တာ ။
သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ ။
ဓမ္မဿဝနကာလော အယံ ဘဒန္တာ ။

(မြန်မာပြန်)

သမန္တာ-ရှေ့နောက်ဝဲယာ ဒိသာရပ်ခွင် ဤစကြာဝဠာ ပတ်ဝန်းကျင်၌။
စက္က၀ါဠေသု-စကြာဝဠာပေါင်း တိုက်တသောင်းတို့၌။
ဝသန္တာ-ကိုယ်စီကိုယ်င နေထိုင်ကြကုန်သော။
ဒေ၀တာ-တန်ခိုးကြီးမား နတ်ဗြဟ္မာအများ တို့သည်။
အတြ-ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသသို့။ အာဂစ္ဆန္တု-ညီညာဖြဖြ လာရောက်ကြပါ ကုန်လော။
မုနိရာဇဿ-မုနိထွတ်တင် ဘုရားရှင်၏။
သဂ္ဂမောက္ခဒံ-နတ်ပြည်နိဗ္ဗာန် ကျိုးနှစ်တန်ကို ဧကန်ပိုင်ပိုင် ပေးစွမ်းနိုင်သော။
သဒ္ဓမ္မံ-ဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်ကို ကာကွယ်ပေးတတ် ပရိတ်တရားတော်မြတ်ကို။
သုဏန္တု-အာရုံတပါး စိတ်မသွားဘဲ လေးစားကြည်ဖြူ နာယူလှည့်ကြပါကုန်လော။
ဘဒန္တာ-အို နတ်အများတို့။အယံ-ဤအခါသည်ကား။
ဓမ္မဿဝနကာလော-မြတ်ဘုရား၏ တရားဒေသနာ နာယူရမည့်အခါပေတည်း။

¤¤¤¤
နတ်ပို့
¤¤¤¤
ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
သောကပ္ပတ္တာ စ နိေဿာကာ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။
ဧတ္တာဝတာ စ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု ၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။
ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ။
ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ ။

(မြန်မာပြန်)

သဗ္ဗေပိ-ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။
ပါဏိနော-ရှိရှိသမျှ သတ္တ၀ါဟူသမျှတို့သည်။
ဒုက္ခပ္ပတ္တာ-မတော်တဆ ဒုက္ခသို့ရောက်နေကြကုန်သည်။
(သမာနာ-ဖြစ်ကုန်သည်ရှိသော်)။
နိဒ္ဒုက္ခာ-ဘုရားတရား သံဃာများ၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဆင်းရဲဒုက္ခ မရှိကြ
ကုန်သည်။ (၀ါ) ဒုက္ခကင်းကြကုန်သည်။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
ဘယပ္ပတ္တာ-မတော်တဆ ဘေးဘယသို့ ရောက်၍နေကြကုန်သည်ရှိသော်။
နိဗ္ဘယာစ-ဘေးမရှိကြကုန်သည် လည်း။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သောကပ္ပတ္တာ-၀မ်းနည်းခြင်း တည်းဟူသော သောကသို့ ရောက်နေကြကုန်သည်ရှိသော်။
နိေဿာကာစ-သောကမရှိကြကုန်သည်လည်း။
ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သဗ္ဗေဒေ၀ါ-အလုံးစုံ ဤနေရာသို့ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည်။
ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော မကြာခဏ ရောက်၍နေရတဲ့ အတိုင်းအရှည်ဖြင့်။
အမှေဟိ-အသင် နတ်တို့နှင့် တကွ ဖြစ်သော ငါတို့သည်။ သမ္ဘတံ-ကောင်းစွာစုဆောင်း စု
ပေါင်းထားအပ်ပြီးသော။ ပုညသမ္ပဒံ-ကောင်းမှု၏ ပြည့်စုံခြင်းကို။
သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ-အလုံးစုံသော လောကီသမ္ပတ္တိ, လောကုတ္တရာသမ္ပတ္တိ၏ ပြီးစီးထမြော
က် အောင်မြင်ခြင်းအကျိုးငှါ
သဗ္ဗေ-အလုံးစုံ အကုန်အစင်သော နတ်ဗြဟ္မာတို့သည်။ အနုမောဒန္တု-၀မ်းမြောက်ကြ ပါကု
န်လော။
အာဂတာ-စောစောက ပင့်ဖိတ်၍ ရောက်လာကြကုန်သော။ ဒေ၀တာ-ပရိတ်တရားကို နာ
ဖို့ရန် ရည်သန်၍ နေကြသော နတ်ဗြဟ္မာအပေါင်းတို့သည်။
ဒါနံ-အလှူဒါနကို။
ဒဒန္တု-ပေးလှူကြပါကုန်လော။
သဗ္ဗဒါ-အခါခပ်သိမ်း။
သီလံ-မိမိတို့ဆိုင်ရာ ငါးပါးသီလစသည်ကို။
ရက္ခန္တု-စောင့်ရှောက်ကြပါကုန်လော။
ဘာဝနာဘိရတာ-အနိစ္စဒုက္ခ အနတ္တစသော ဘာဝနာပွားခြင်း၌ မွေ့လျော်ကြကုန်သည်။
ဟောန္တု-ဖြစ်ကြပါကုန်လော။
ဒေ၀တာ-စောစောက ဖိတ်မန်၍ ရောက်လာကြကုန်သော နတ်တို့သည်။
ဂစ္ဆန္တု-ကိုယ်စီကိုယ်င ကိုယ့်ဒေသသို့ ပြန်နိုင်ကြပါစေကုန်သတည်း။ ။

SPECIAL THANKS to ☆ Nay Nwe ☆

Friday, March 11, 2016

သစ္စာအနက် (၁၆) ချက်

သစ္စာအနက် (၁၆) ချက်



■ ဒုက္ခသစ္စာ၏အနက်(၄)ချက် ■

၁။မိမိကိန်းရာ သတ္တဝါဝယ် သုံးဖြာဒုက္ခ ဖြစ်ပေါ်ကြလျှက် ဒုက္ခဖြစ်ရိပ် ကြောင်းနိမိတ်ဖြင့် ကြိတ်ကြိတ်နင်းနင်း နှိပ်စက်ခြင်း(ပီဠနဋ္ဌ)အနက်သဘော။

၂။သမုဒယဟိတ် ကြောင်းမဆိတ်သဖြင့် ကံစိတ်ဥတု ဟာရစုတို့ အမှုတည်ထွင် ပြုစီရင်အပ်သော(သင်္ခတဋ္ဌ)အနက်သဘော။

၃။မဂ်မြတ်ရေစင် နှိုင်းစာလျှင်လည်း ပူပင်ပြင်းပြ လောင်ကျွမ်းရခြင်း(သန္တာပ) အနက်သဘော။

၎။နိဗ္ဗာန်နန်းစာ စခန်းကွာအောင် ဇရာမရဏ နှစ်ဌာနဖြင့် ကာလအရှည် မတည်မြဲမြံ ဖောက်ပြန်ခြင်း(ဝိပရိနာမဋ္ဌ) အနက်သဘော။

■ သမုဒယသစ္စာ၏အနက် (၄) ချက် ■

၁။လောကီအာရုံ အဖုံဖုံဝယ် ခုံမင်ဖြန့်မှု ဒုက္ခထုကို ပေါင်းစုခြင်း(အာယူဟန) အနက်သဘော။

၂။ဒုက္ခချင်းစပ် မကင်းလတ်အောင် နင်းအပ်သည့်အနေ ဖြစ်စေခြင်း(နိဒါနဋ္ဌ) အနက်သဘော။

၃။ဒုက္ခဝဋ်မှ မလွတ်ရအောင် ဖွဲ့နှောင်ခြင်း (သံယောဂ) အနက်သဘော။

၎။ဝဋ်မှထွက်သွား မဂ်ရထားကို ဖျက်တားကန့်ကွက် နှောက်ယှက်ခြင်း (ပလိဗောဓဋ္ဌ) အနက်သဘော။

■ နိရောဓသစ္စာ၏အနက် (၄) ချက် ■

၁။ဒုက္ခဖန်ခါ သံသရာဝယ် ခန္ဓာဇာတ်သိမ်း လွတ်ငြိမ်းခြင်း(နိဿ      ရဏ) အနက်သဘော။

၂။တဏှာအပေါင်း တွယ်တာကြောင်းမှ ကောင်းကောင်းလွတ်ကင်း ဆိတ်ငြိမ်ခြင်း (ဝိဝေကဋ္ဌ) အနက်သဘော။

၃။အကြောင်းကြောင်းစု တစ်ခုခုမျှ မပြုအပ်လျင်း အကြောင်းကင်းသော (အသင်္ခတ) အနက်သဘော။

၎။နဂိုအနေ အိုမသေဘဲ စိုပြေမြဲခိုင် တည်တံ့နိုင်သော (အမတဋ္ဌ) အနက်သဘော။

■ မဂ္ဂသစ္စာ၏အနက် (၄) ချက် ■

၁။သံသရာဒုက္ခ ရှုပ်သမျှမှ မုချထွက်ကြောင်း (နိယျာနဋ္ဌ) အနက်သဘော။

၂။နိဗ္ဗာနဓာတ် အမြိုက်ရပ်သို့ ဆိုက်ကပ်ရန်အကြောင်း (ဟေတွဋ္ဌ) အနက်သဘော။

၃။သစ္စာလေးတန် မြတ်နိဗ္ဗာန်ကို အမှန်ထင်လင်း မြင်နိုင်ခြင်း (ဒဿ      န) အနက်သဘော။

၎။လေးတန်သစ္စာ မြင်ဖို့ရာနှင့် ကိလေသာမီး အပူကြီးကို အပြီးငြိမ်းမှု  ကိစ္စစုဝယ် ချယ်လှယ်လွှမ်းမိုး အုပ်စိုးနိုင်ခြင်း (အာဓိပတေယျဋ္ဌ) အနက်သဘော။
             

》》》》》》》《《《《《《《

(ဝန်ခံချက်)
ဤသစ္စာအနက် ၁၆ ချက်ကို ကျီးသဲလေးထပ် ဆရာတော်ကြီး၏ အစိန္တေယျကြီးဘုရားရှိခိုး၌လည်း လေ့လာနိုင်ပါသည်။

ယခုရေးသားတင်ပြလိုက်သော အနက်များမှာ အမရပူရ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သင်္ဂြိုဟ် ဘာသာဋီကာမှ ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါသည်။

(အရှင်ပညာဇောတ)