Wednesday, December 31, 2014

၁၅။ အာဟာရပစ္စယ ( ထောက်ပံ့ခိုင်စေခြင်း အကြောင်းတရား)



¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
၁၅။ အာဟာရပစ္စယ ( ထောက်ပံ့ခိုင်စေခြင်း အကြောင်းတရား) 
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

" အစာအဟာရနှင့် နာမ်အကြောင်းတရား " တို့သည် ဤ ခန္ဓာကိုယ်ကြီး နှင့်
ယှဉ်ဘက်နာမ်/ရုပ်တို့အား ထောက်ပံ့ခိုင်စေကြကုန်၏။

》》》》》မြန်မာပြန် 《《《《《

အာဟာရပစ္စယောတိ - အာဟာရပစ္စည်း ဟူသည်ကား

ကဗဠီကာရော အာဟာရော = အလုပ်အကျွေး ပြု၍ စားမျိုအပ်သော အာဟာရတို့သည်၊

ဣမဿ ကာယဿ = ဤခန္ဓာကိုယ်အား ၊

အာဟာရပစ္စယေန ပစ္စယော =" ထောက်ပံ့ခိုင်စေခြင်း" သတ္တိဖြင့် ကျေးဇူးပြု၏။

အရူပိနော အာဟာရာ = ရုပ်မဟုတ်သော (ဖဿ၊ စေတနာ၊ ၀ိညာဏ်) အာဟာရ တို့သည်

သမ္ပယုတ္တကာနံ ဓမ္မာနံ = ၄င်းနှင့် ယှဉ်ဖက် စိတ် စေတသိက် တရား တို့ကို၎င်း၊

တံသမုဋ္ဌာနာနဉ္စ ရူပါနံ = ထိုစိတ် စေတသိက် တို့က ဖြစ်စေသော စိတ္တဇရုပ် တို့ကို၎င်း

အာဟာရပစ္စယေန ပစ္စယော = " ထောက်ပံ့ခိုင်စေခြင်း" သတ္တိဖြင့် ကျေးဇူးပြု၏။

(အာဟာရ လေးမျိုးရှိပါသည်။ ကဗဠီကာဟာရ၊ ဖဿဟာရ၊ မနောသဉ္စေတနာဟာရ၊ ၀ိညာဏာဟာရ တို့ဖြစ်ပြီး ကဗဠီကာဟာသည် ရုပ်အာဟာရဖြစ်၍ ကျန်သုံးပါးမှာ နာမ်အာဟာရများ ဖြစ်ကြသည်။)

No comments: